ပစ္စည်းလေးပါးဒါနပြုနိုင်ရန်

(၁၃၇၂)သတိပဋ္ဌာနဓမ္မရိပ်သာ ဗုဒ္ဓသာသနာနုဂ္ဂဟအသင်း မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိ့ တမန်ဆွန်ဂိုင်းဘီစီ (2011)

ဗုဒ္ဓသာသနာနုဂ္ဂဟအသင်း

ဗုဒ္ဓသာသနာနုဂ္ဂဟအသင်း
2011

ပိတ်ရက်လေးရတုန်းမှာ အလုပ်လုပ်ကြရအောင်

                       တရုတ်နှစ်သစ်ကူးကာလ ပိတ်ရက်ရှည်ရကြအုန်းမယ့် ပြည်ပရောက်အလုပ်သမားတွေ အလုပ်ပိတ်ရက်လေးရတုန်းမှာ သံသရာအတွက် အကျိုးဖြစ်စေမယ့် အလုပ်ကအသင့်စောင့်နေပြန်ပါပြီ ယခင်နှစ်တွေမှာလဲ အလည်အပတ်တွေ အပျော်အပါးတွေကို စွန့်ပြီး ရောက်လာသူတွေ အများကြီးပါပဲ ဒီနှစ်အတွက်ကို ဒီနေ့ကစပြီး ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါပြီ ကွာလာလမ်ပူမြို့ တမန်ဆွန်ဂိုင်းဘီစီအရပ်မှာရှိတဲ့ သတိပဋ္ဌာနဓမ္မရိပ်သာ မှာ တရားစခန်းဝင်လိုတဲ့ ရဟန်းယောဂီ လူယောဂီ အမျိုးသား အမျိုးသမီး မည်သူမဆို နာယကကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တနာရဒ ၀၁၆၆၀၂၅၅၃၆ ကိုတိုက်ရိုက်ဆက်သွယ်ပြီး စာရင်းပို့ထားနိုင်ပြီဖြစ်ပါတယ် လူဦးရေ ၂၀ သာလက်ခံမည်ဖြစ်တဲ့ အတွက် နောက်ကျနေလို့တော့ မဖြစ်ဘူးဆိုတာအသိပေးပါရစေ လူဝတ်ကြောင်ယောဂီအဖြစ် တရားစခန်းဝင်ရန် ဒုလ္လဘရဟန်းဝတ်ရန် ရှင်သာမဏေပြုရန် အတွက် မည်သည့်ကုန်ကျစရိတ်မှ မရှိကြောင်းလည်းကြိုတင်အသိပေးအပ်ပါသည်။ ကိုယ်တိုင်တရားစခန်းမဝင်နိုင်လို့ ရဟန်းယောဂီများ လူယောဂီများ၏ ဆွမ်းကွမ်းဝေယျာဝစ္စ ဖြည့်ဆည်း ဒါနပြုလိုသူများအားလည်း မိမိ တာဝန်ယူလိုသော ဆွမ်းပို့ရမည့်နေ့ အချိန်များကို စုံစမ်းနိုင်ပါပြီ ။
စတင်မည့်ရက် ၂၁.၁.၂၀၁၂ စနေနေ့
ပြီးဆုံးမည့်နေ့ ၁.၂.၂၀၁၂ တနင်္ဂနွေနေ့
မိမိသည် ခွင့်ရက်ရှည်မရပါ သို့သော် ရက်ပိုင်းမျှ စခန်းဝင်လိုပါကြောင်းကိုလည်း အကြောင်းကြားမေးမြန်းနိုင်ပါသည် ။

stipatthana meditation centre , no.37 second floor , jalan 3/108c .
taman sungai besi . (57100) kuala lumpur , Malaysia .
office: 03 7971 3267 ... hp: 016 6025536
www.stipatthana.blogspot.com Dewanoble@gmail.com

0 အကြံပြုချက်:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More